Youth Training School

Youth Training School သင်တန်းကို မြိတ်မြို့တွင် (၁၂/၂၀၁၈) ကတည်းက စတင်ထူထောင်ပြီး ပထမဆုံးအကြိမ် သင်တန်းတွင် ကျောင်းသားကျောင်းသူ ဦးရေ(၅၀)ဖြင့် သင်ကြားခဲ့တာဖြစ်ပါတယ်။ ဒုတိယအကြိမ် သင်တန်းတွင် ကျောင်းသားကျောင်းသူ ဦးရေ (၁၀၀)ကျော်ဖြင့် တရုတ်စာပေသာမကဘဲ အခြားသော ကျန်းမာရေးအတွက် စုပေါင်းလမ်းလျှောက်ပွဲများ၊ အရည်အချင်းစစ် စာမေးပွဲများပြုလုပ်ပြီး ထူးချွန်သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားများနှင့် လူမှုပေါင်းသင်းဆက်ဆံရေးများအပြင် ကျောင်းသူကျောင်းသားများ စိတ်အပန်းဖြေစေရန်အတွက် ပင်လယ်ကမ်းခြေအပျော်ခရီးများ၊ ဘုရားဖူးခရီးစဉ်များပါ စီစဉ်ဆောင်ရွက် ပေးခဲ့တာ ဖြစ်ပါတယ်။ ထူးချွန်ကျောင်းသားကျောင်းသူများအား လုပ်ငန်းခွင်ဝင်နိုင်စေရန်အတွက် (၂)လလျှင် တစ်ကြိမ် စာမေးပွဲများ ပြုလုပ်ကျင်းပပေးခဲ့ပါတယ်။ သင်တန်းတက်ရောက်သော ကျောင်းသူကျောင်းသားများအား ဆင်းရဲ၊ ချမ်းသာ၊ ရုပ်ရည်အနေအထား၊ ကိုယ်ရေးကိုယ်တာ အားနည်းချက်များကို လုံးဝခွဲခြားဆက်ဆံခြင်းမျိုး မပြုလုပ်ဘဲ ယခုကဲ့သို့ အပြုအမူမျိူး ကျူးလွန်သော ကျောင်းသူကျောင်းသားများကို သင်တန်းမှ ထုတ်ပယ်ခြင်းဖြင့် အရေးယူဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါကြောင့် သင်တန်းဟာ ဆင်းရဲ၊ ချမ်းသာ၊ ရုပ်ရည်အနေအထား၊ ကိုယ်ရေးကိုယ်တာ အားနည်းချက်များနှင့် ကျားမ ဝါဒကိုပါ လုံးဝ ခွဲခြားဆက်ဆံခြင်းမရှိသည့်အပြင် မည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး သင်တန်းကို တစ်လအတွင်း အနည်းဆုံး (၁၅) ရက်တက်ရောက်သူများကို မုန့်ဖိုး(၆၅၀၀)ကျပ်စီ ပေးအပ်ခဲ့တာလဲ ဖြစ်ပါတယ်။ နောက်ဖွင့်မည့် တန်းခွဲများတွင် မုန့်ဖိုးကို (၆၅၀၀)ကျပ်မှ (၁၀၀၀၀)ကျပ်အထိ တိုးမြှင့်ပေးထားပြီး တရုတ်စာပေသာမက ခေါင်းဆောင်မှုစွမ်းရည်၊ လူမှုပေါင်းသင်းဆက်ဆံရေး၊ မိမိကိုယ်ကို ထိန်းချုပ်ပြုပြင်နည်းနှင့် လေ့လာရေး၊ အပျော်ခရီး၊ အခြား ရပ်ရွာလူထုအကျိုးပြုလုပ်ငန်းများပါ ပူးတွဲဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လူငယ်များ လက်တွေ့ အသုံးချနိုင်စေဖို့ အလုပ်ခွင်ဝင်နိုင်အောင် စီစဉ်ပေးခြင်း၊ ဆရာအဖြစ်ပြန်လည်ခန့်အပ်ခြင်း၊ English, Computer သင်တန်းများကိုပါ အခမဲ့ သင်ကြားပြသပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းခွဲများအလိုက် မတူညီသော စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ ရှိတာကြောင့် ၎င်းတို့ကို လိုက်နာနိုင်မှသာ သင်တန်းတက်ခွင့်ရရှိမှာလဲ ဖြစ်ပါတယ်။ မြိတ်မြို့အပြင် အခြားအရပ်ဒေသများမှ တောင်းဆိုမှုများရှိတာကြောင့် Online Class ကို စီစဉ်သင်ကြားပေးလျက်ရှိပါတယ်။ Online Class ကို သင်တန်းကြေး (၉၀၀၀၀)ကျပ် ကောက်ခံပြီး မုန့်ဖိုးအဖြစ် ပြန်လည်ပေးအပ်ခြင်းမျိုးမရှိသည့်အပြင် တစ်ကြိမ်လျှင် သင်တန်းသားဦးရေ (၆၀၀)အထိသာ လက်ခံသင်ကြားပေးနေတာဖြစ်ပါတယ်။ ခရီးသွားရာသီများတွင် ပြည်တွင်းခရီးသာမက ပြည်ပခရီးစဉ်များကိုပါ အတွေ့အကြုံရရှိစေရန် ခေါ်ဆောင်ပေးသွားမှာလဲ ဖြစ်ပါတယ်။ သင်တန်း၏ ရည်ရွယ်ချက်များမှာ….

📧လူငယ်များကို လက်တွေ့အသုံးချနိုင်သော ပညာရပ်တစ်ခုရရှိစေရန်၊

📧ပေါင်းသင်းဆက်ဆံရေးပြေပြစ်လာပြီး လူသားအချင်းချင်း ကူညီရိုင်းပင်းတတ်စေရန်၊

📧စိတ်ထားကောင်းမွန်သော လူငယ်အဖွဲ့အစည်းများပေါ်ပေါက်လာစေရန်၊

📧Team Work ဖြင့် တွင်ကျယ်စွာ အလုပ်လုပ်ကိုင်နိုင်ကြစေရန်၊

📧လူမျိုးရေးနှင့် အခြားထိပါးစေသော ခွဲခြားမူဝါဒများကို ဆန့်ကျင်ပြီး ကောင်းမွန်သော အဖွဲ့အစည်းများဖြစ်ကြစေရန်၊

📧မိမိကိုယ်ကို ယုံကြည်မှု မရှိ၊ အားနည်းနေသူများ ယုံကြည်မှုရှိပြီး မိမိကိုယ်ကို အားကိုးတတ်လာစေရန်နှင့် အခြား ကောင်းမွန်သော ရည်ရွယ်ချက်များစွာဖြင့် ပြုစုပျိုးထောင်းသင်ကြားပေးနေတာ ဖြစ်ပါတယ်။

  • လာမဲ့ တန်းခွဲတွေမှာ Psychology နဲ့ပတ်သတ်ပြီးလဲ သင်ကြားပေးပါ့မယ်
    Psychology နဲ့ပတ်သတ်ပြီးလဲ တရားဝင်လက်မှတ်ရရှိထားပြီးဖြစ်ပါသည်။

Chinese Class

💠Youth Training School မှ Chinese Class တန်းခွဲသစ် ဖွင့်တော့မှာ သိကြပြီးပြီလား???

 

🎆နှစ်သစ် မှာ ဘာသာစကားလေး တက်ကြရင်း အချိန်ကို အကျိုးရှိရှိ အသုံးပြုကြရအောင်လား ချစ်တို့ 👍👍👍

 

🇨🇳တရုတ် ဘာသာစကားကလည်း အတော်ကို ရေပန်းစားနေတယ်ဆိုတာ လက်ခံကြတယ်မလား 😍

 

🗣တရုတ်ဘာသာစကား ကို အချိန်တိုအတွင်း လေ့လာတတ်မြောက်ချင်တယ် ဆိုရင်တော့ YTS ကို အရောက်လှမ်းခဲ့ဖို့ မမေ့နဲ့နော် 😍

 

♦စာ ချည်း သင်တာမျိုးမဟုတ်ပဲ Activity လေး တွေ နဲ့ သင်ရတာ ဆိုတော့ မှတ်မိလွယ်ကူစေခြင်း

 

🌟တရုတ်ဘာသာစကား ရဲ့ အခြေခံအကျဆုံး အရေးကြီးဆုံးဖြစ်သော Pinyin စာလုံး သုံးပြီး တရုတ်အသံထွက် နဲ့ တွဲ၍ သင်ကြားပေးသောကြောင့် လွယ်ကူရှင်းလင်းစွာ နားလည်နိုင်ခြင်း 🤗

 

2020 သင်ရိုးသစ် ဖြင့် သင်ကြားရမည့် တန်းခွဲသစ်လေးဖြစ်တယ် နော် ချစ်တို့ 📖

 

📓သင်ကြားပေးမည့် သင်ရိုးများ 📓

 

🔴 Vocabulary

🔴 Useful Phrases

🔴 Dialouge

🔴 Exercise

🔴 Grammar

🔴 Sentence Structure

🔴 Examination Knowledge

🔴 General Knowledge

🔴 HSK Examination

🔴 Activity Lesson

 

Chinese Basic Class

 

Time. – 5 : 00 to 7 : 00 (PM)

Sat & Sun

 

Start Date – 25.1.2020

 

Price. – 15,000 mmk

 

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

 

Chinese Basic Class

 

Time. -7 : 00 to 8 : 30 (PM)

Mon (to) Fri

 

Start Date. – 27.1.2020

 

Price. – 19,000 mmk

 

〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰〰

 

Chinese Level 1️⃣

 

Time. – 5 : 00 to 6 : 00

Mon (to) Fri

 

Start Date. – 10.2.2020

 

Price. – 27,000 mmk

 

စာသင်အတွေ့အကြုံ (၂) နှစ်ရှိပြီး တရုတ်မြန်မာ သံရုံးမှ စစ်ဆေးသည့် HSK စာမေးပွဲ ကို အောင်မြင် ပြီးသော Laoshi မှ စနစ်တကျ နဲ့ သင်ကြားပေးမှာ ဖြစ်ပါတယ်

 

တန်းခွဲ တိုင်းတွင် လူဦးရေ ကန့်သတ်ထားလို့

ကြိုတင် အပ်နှံပေးဖို့ နှိုးဆော်လိုက်ပါတယ်နော်  😍😍😍

 

အသေးစိတ် သိရှိလိုပါက အောက်ပါ ဖုန်းနံပါတ် များ နှင့် YTS Page မှ တစ်ဆင့် ဆက်သွယ် စုံစမ်းနိုင်ပါတယ်ရှင်

 

Phone. – 09684441008 , 09779799919

 

Location – No .(B-226,227 ), Seaview mall (First Floor) , Kannar Road , Yay Bone Ward , Myeik.

ပထမဆုံးအကြိမ် Youth Training School မှ ထုတ်ဝေသည့် HSK Book

🈷Youth Training School ရဲ့ New Product ပါ

🈷Chinese Proficiency Test (HSK-Book)

🈷Chinese Vocabulary – 5000 (Words)

🈷တန်ဖိုး-၅၀၀၀ ကျပ်

🈷တရုတ်စာ လေ့လာနေသူတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ စာအုပ်ဖြစ်ပါတယ်။ Youth Training School မှ ပထမဆုံးအကြိမ် ဂုဏ်ယူစွာဖြင့် ထုတ်လုပ် လိုက်တာ ဖြစ်ပါတယ်။ စာအုပ်အတွင်းမှာ စုစုပေါင်း Vocabulary -5000 words ပါရှိပြီး HSK Level-1 မှ Level-6 အထိ ဖြေဆိုရာတွင် သိထားမှတ်ထားရန်လိုအပ်သော စကားလုံးအဓိပ္ပါယ်တွေ ပါဝင်ပါတယ်။ စာအုပ်တစ်အုပ်အတွင်းမှာ Level-6 ခုလုံး အတွက် Vocabulary 5000 ပါရှိပါသည်။

🈷မြန်မာပြည်တွင်း အိမ်အရောက်ပို့စနစ်ဖြင့် မှာယူနိုင်ပါတယ်နော်…..

 

🈷Chat Box (or) 09684441008 ရုံးချိန်အတွင်း ဆက်သွယ်မှာယူနိုင်ပါတယ်။

1-2-2020(Saturday)တွင် တရုတ်စာတန်းခွဲ သင်တန်းဆင်းပွဲကို မောင်းမကန်ကမ်းခြေတွင် သွားရောက်ပြုလုပ်မည်ဖြစ်ပါသဖြင့် ၄င်းရက်တွင် သင်တန်းအားလုံးပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

မှတ်ချက်။ အင်္ဂလိပ်စာချိန် မပိတ်ပါ၊ ပုံမှန်အတိုင်း တက်ရောက်ရပါမည်။ တရုတ်စာချိန်၊ ကွန်ပျူတာချိန်များသာ ပိတ်ပါသည်။

🙏မင်္ဂလာပါ🙏
#ပိုမိုပြည့်စုံလာတဲ့မိုးရာသီတန်းခွဲသစ်
လျှောက်လွှာကို နီးစပ်ရာ ကိုယ်စားလှယ်များထံတွင် ထုတ်ယူနိုင်သလို
👉ဒီ post ကို save လုပ်ပြီး ဖြည့်နိုင်ပါတယ်…
👉Page cb ကနေ တစ်ဆင့် လျှောက်ထားနိုင်ပါပြီ…
👉‎09684441008 သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်…
👉သင်တန်းကို Free တက်ရောက်နိုင်ဖို့ Page ကို Like & Share လုပ်ထားဖို့ လိုပါမယ်…
👉အထူးသတိပြုချက်👈
🤝သင်တန်းမအပ်မှီ စည်းကမ်းချက်များကို အရင်ဖတ်ပေးပါ…
🤝အသေးစိတ်ကို ရေးထားတာကြောင့် သေချာ ဖတ်ပေးပါ…
🤝လျှောက်လွှာတင်ထားသူများကိုသာ လက်ခံသင်ကြားမည်…
🤝လျှောက်လွှာမတင်တတ်ပါက ‎09684441008 သို့ မနက် (၉)နာရီ မှ ညနေ (၄)နာရီ အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်…

အခြားသိရှိလိုသည်များ ရှိပါက cb တွင် ၂၄နာရီ မေးမြန်းနိုင်ပါတယ်…

အ ပျော်ခရီးစဉ် အမှတ်တရများ

ကျောင်းသား/သူများ၏ ကာယလှုပ်ရှားနေမှုပုံရိပ်များ

EXAM TIME ပုံရိပ်များ

ကျောင်းသား/သူများ၏ လှုပ်ရှားမှုများ